Where I belong virtually!!

ဘုံဘဝ

Thursday, Apr. 5th 2012

တစ်နေ့က လူတစ်ယောက်ကပြောတယ် နင်ယင်းဂလိပ်လိုပြောတာ ဗမာသံ မပေါက်ဖူးနော်တဲ့။
ပေါက်ပါတယ် မြန်မာပဲဟာကိုလို့။

ကျန်ခဲ့တဲ့တစ်ပတ်ကပဲ ရုံးကိစ္စနဲ့ တနေရာကို ဖုန်းဆက်ရတယ်။ ဟိုဘက်က ပြန်ဖြေတဲ့ သူရဲ့ အသံကိုကြားတော့ ဒီအသံထွက်မျိုး ရင်းနှီးလိုက်တာလို့။ ဒါနဲ့ မနေနိုင်တာနဲ့မေးလိုက်တယ်။ ဟုတ်တယ် မြန်မာပဲ။
ပြောရဆိုရတာ အားရလိုက်တာ။

တစ်ခါသားမှာ နောက်တစ်ယောက်က မေးသေးတယ် မာလာယုလားတဲ့။ ဟင်း… ငါလို
ဗမာစစ်စစ်ကိုများ နောက်တီးနောက်တောက်နဲ့။

ရုံးမှာ စားပွဲ လုပ်တော့ ကြက်ကြော် တစ်တုံးလောက်နှိုက်မလို့လုပ်တော့
အမျိုးသမီးတစ်ယောက်က အဲဒါ ဟာလာ မဟုတ်ဖူးနော်တဲ့။

ယောင်ရမ်းပြီး မေးစေ့က မုတ်ဆိတ်တောင် စမ်းမိမလိုဖြစ်သွားသေးတယ်။
ဘေးမှာပါလာတဲ့ ရုံးဘော်ဒါက ခွက်ထိုးခွက်လန် ရယ်(ရီလို့ အသံထွက်ပါ)ပါလေရော။
သတိပေးမိတဲ့ အမျိုးသမီးခင်မျာ မျက်နှာကြီး နီရဲသွားတာပဲ။
အဲတော့မှ ၀င်ပြောရတယ် ကျွန်တော်စားလို့ရတာ အကုန်စားပါတယ်လို့။ ဟဲဟဲ နို့မို့ မစားရပဲ ငတ်နိုင်တယ်။

သြော် ဘ၀ဘ၀… မြန်မာပြည်မှာ နေရတာပဲကောင်းပါတယ်လေ။ ဘာမှ ရှုပ်ရှုပ်ထွေးထွေးမရှိဘူး။

Scridb filter
Posted by thihaz | in Uncategorized | No Comments » | Read More

Installed a new theme

Monday, Feb. 13th 2012

Just installed a new theme.

Of course I am a Manchester United fan and I have been a fan since mid 1990s.

I love the theme.

Tell me what you think of my theme.

Stay healthy

Cheers

Thi Ha

 

 

Scridb filter
Posted by thihaz | in Uncategorized | No Comments » | Read More

Powered by WordPress WP-Theme By eLynex